Sunday, April 26, 2009

ဘာသာပြန် ပုံပြင်လေးတစ်ပုဒ်ပါ

အောက်က အင်္ဂလိပ်လို ဘာသာပြန်ပေးထားတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ..။ ခေါင်းစဉ်က “ How To Solve The Problem ” တဲ့..။ ပုံပြင်ပေးမဖတ်ခင်မှာ စကားတစ်ခွန်းပြောသေးတယ်..။ ဘယ်တော့မှ မေ့မရစေမဲ့ စကားပေါ့..။

“ ပညာတတ်နဲ့ ပညာမဲ့ ဘာကွာမယ်ထင်လဲ ၊ဘာမှ မကွာဘူး ။ ခြေ လက် ခေါင်း အတူတူပဲ.. တစ်ခုပဲကွာတယ်.... ပြဿနာတစ်ခုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းတယ်..ဆိုတာပဲ..။”

(သူနဲ့ ကျွန်တော် စကားပြောရင် မလေးလိုမပြောပါဘူး..အင်္ဂလိပ်လိုပဲပြောတာပါ..။)

ပြီးတော့ သူပေးတဲ့ ပုံပြင်ကို ဖတ်ပြီးတော့ ကျွန်တော် ကိုင်ရိုက်ခံထားရသလိုလို ။ နှိပ်ကွတ်ခံထားရသလိုလို ဖြစ်နေတယ်.။ နောက်တော့ သတိရတိုင်း ဖတ်လေ အဓိပ္ပါယ်ရှိလေလေ ဖြစ်စေခဲ့တဲ့ ပုံပြင်လေးပါ တစ်ပုဒ်ပါ..။ ကျွန်တော်ဘ၀ကို ပြောင်းလဲစေခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ်ပါ..။

How To Solve The Problem
ပြဿနာတစ်ခုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲ

တစ်ခါက မုဆိုးကြီးတစ်ယောက်ဟာ သူ့သားကို အသိပညာတစ်ခုပေးချင်လို့ သူတောလိုက်သွားရာကို ခေါ်သွားသတဲ့..။ တစ်နေရာလဲရောက်ရော တောင်ကမူလေးတစ်ခုမှာ ခွေးတစ်ကောင်က နေပူစာလှုံနေသတဲ့..။ ဖခင်မုဆိုးကြီးက သူ့သားကို သေသေချာချာ ကြည့်ခိုင်းပြီးနေပူစာလှုံနေတဲ့ ခွေးကိုမထိစေပဲခွေးရဲ့ ဘေးသို့ရောက်အောင် ခဲလုံးတစ်လုံးနဲ့ ပစ်ပေါက်လိုက်တယ်..။ ခွေးဟာ သူ့ဘေးနားကျလာတဲ့ ခဲလုံးကြောင့် လန့်ပြီး ငေါက်ကနဲ့ထရပ်လိုက်တယ်.။ ပြီးတော့ ဘာရယ်ညာရယ်မှန်းမသိပေမဲ့ ခဲလုံးမှန်းတော့ သူသိတယ်..။ သူ့ကိုလာလန့်စေတဲ့ ခဲလုံးကို လိုက်ကိုက်နေတော့တယ်။ ခွေးဟာ ခဲလုံးက သူ့ကို လာလဲ မထိဘူး ၊စားစရာလဲ မဟုတ်ဘူးဆိုတာ သိသိကြီးနဲ့ ခဲလုံးကို ကိုက်နေတယ်..။ဒီမြင်ကွင်းကိုကြည့်ပြီး သားအဖ နှစ်ယောက် ပြန်လာခဲ့ကြတယ်..။ နောက်တစ်ပတ်လောက်နေတော့ ဖခင်မုဆိုးကြီးဟာ သူ့သားကိုခေါ်ပြီး တောထဲကို ထွက်လာခဲ့ပြန်တယ်..။ ဒီတစ်ခါမှာတော့ သူတို့ဟာ နေရာအချက်အချာကောင်းတဲ့ သစ်ပင် ပေါ်မှာနေရာယူကြတယ်။ သူတို့နေရာယူနေတဲ့ သစ်ပင်ရဲ့ အရှေ့ဘက်မှာ ကျောက်ဂူ တစ်ခု ရှိတယ်။ ကျောက်ဂူဝမှာ ခြင်္သေ့တစ်ကောင်ဟာ နေပူစာလှုံနေတယ်။ ဖခင်မုဆိုးကြီးက သူ့သားကို ငြိမ်ငြိမ်နေဖို့ ပြောပြီး ခြင်္သေ့ရဲ့ လက်နဲ့ လည်ပင်းကြားထဲကို ခြင်္သေ့ကို မထိစေပဲ မြားတစ်စင်း ပစ်လိုက်တယ်။ မြားကလဲ လိုရာနေရာကို ကွက်တိပါပဲ။ ခြင်္သေ့ရဲ့ လည်ပင်းနဲ့ လက်ကြားထဲသွား စိုက်တယ်။ စွပ်ခနဲ့ လာစိုက်တဲ့ မြားကို ခြင်္သေ့က ဖြက်ခနဲ့ကြည့်ပါတယ်။ ဒါပေမဲ့ ခြင်္သေ့က မြားကို ဘာမှမလုပ်ပဲ လက်ကြားထဲလာစိုက်တဲ့ မြားကိုသေသေချာချာ ကြည့်ပြီး ငြိမ်နေတယ်။ ခဏကြာတော့ မြားလာရာလမ်းကြောင်းကို မျှော်ကြည့်တယ်။ ပြီးတော့ မြားကိုတလှည့် ၊ မြားလာရာလမ်းကြောင်းကို တလှည့် သေချာကြည့်တယ်။ မြားတဲကို ခြင်္သေ့က ဘာမှ မလုပ်ပဲမြားလာရာ လမ်းကြောင်းရဲ့ အစွန်းရှိ ရန်သူကို တိုက်ခိုက် ဖို့ရာထပြီး တလှမ်းချင်း လှမ်းပြီး လျှောက်လာတယ်။

ဒါကြောင့်..........

ကိုယ့်ကိုခြောက်လှန့်ခံရတဲ့ ခဲလုံးကို လိုက်ကိုက်နေတဲ့ ခွေး..........။ ကိုယ့်ကို ရန်ပြုလာတဲ့မြားကို လျစ်လျူရှုပြီး မြားလာရာလမ်းကြောင်းရဲ့ ဟိုဘက်မှာရှိတဲ့ အဓိက ရန်သူကို တိုက်ခိုက်တတ်တဲ့ ခြင်္သေ့...............။

ခွေးကတော့ ခွေးပါပဲ..... ဒီလိုပဲ ခြင်္သေ့ကလဲ ခြင်္သေ့ပါပဲ........။ ဒါကြောင့်မို့လဲ ခြင်္သေ့ဆိုတာ တောဘုရင်ဖြစ်နေတာပေါ့...။ လောကကြီးမှာလဲ ဒီလိုပါပဲ... ကိုယ့်ဆီရောက်လာတဲ့ ပြဿနာတွေကို အတင်တွန်းထိုး တိုက်ခိုက်တတ်လား...။ ပြဿနာရဲ့အစကို ရှာပြီး ပြေလည်အောင်ရှင်းတတ်လား........ ဆိုတဲ့ လူနစ်မျိုးကွဲ သွားပါတယ်..။ ဒါကြောင့် ပြဿနာနဲ့တွေ့တိုင်း သင့်ကိုသင် မေးကြည့်ပါ......။

ငါဟာ...........ခြင်္သေ့..........လား
ခွေး...........လား...။ ။

အဖြေရလာပါလိမ့်မယ်....။ ။

Life

if though regard the bitterest day of life
as a dream
just try it
not able to do
if though regard the sweetest day of life
as a guitar
just try the sweet melodies
able to do ever
but ,in fact
life is a like a cup of beverage
that mixes sweet and bitter
Do you believe it?

Friday, April 03, 2009

ကောင်းမွန်စွာအသက်ရှင်နေဖို့

ကျွန်တော်တို့တွေ လူမှုဘ၀မှာ ရှင်သန်နေထိုင်ဖို့ဆိုရင် ငွေကြေးတောင့်တင်းဖို့အပြင် ကျန်မားရေးကောင်းဖို့၊ ရုပ်ရည်ရူပကာ လှပဖို့၊ လူမှု့ဆက်ဆံရေး ချောမွေ့ အဆင်ပြေစေဖို့ စတာတွေကလည်း မလွဲမသွေ လိုအပ်ပါတယ်။ တစ်နေ့က Mail Box ထဲကို ရောက်လာတဲ့ Forward Mail တစ်စောင်ထဲက အကြောင်းအရာတွေကို ကြိုက်နှစ်သက်တာနဲ့ ဒီမှာပြန်လည် ဖော်ပြပေး လိုက်ပါတယ်။ အရေးကြီးတဲ့ အချက် 40 တိတိကို ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

ကျန်းမာရေး ကောင်းဖို့အတွက် ဆိုရင်-
1. ရေများများသောက်ပါ
2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့ သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)
3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊
4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy တို့ဖြစ်ပါတယ်။
5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။
6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။
7. သင် 2008 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။
8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။
9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။ (ကျွန်မဆို 10 နာရီလောက် အိပ်တာ)
10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။ လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။ (အရူးလို့တော့ မထင်လောက်ပါဘူးနော်..: P)

Personality:
11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကို လျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။
12. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေ မထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိ ကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်
လုပ်လိုက်ပါ။
13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။
14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။
15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။
16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။
17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာ ရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။
18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။
19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့ အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။
20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။
21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက် မဖြစ်နိုင်ပါဘူး။
22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာ ပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့ အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလို ဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့ ၀င့်ဘ၀တစ်လျှောက်လုံး အတွက် အရေးပါနေမှာပေါ့။
23. များများပြုံးပါ၊ များများရီပါ။
24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင် သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။

Society:
25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆ� ပါ့။ တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။
26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။
27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။ (သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)
28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့ အချိန်များများ ပိုဖြုန်းပါ။
29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင် ကြိုးစားကြည့်ပါလား။
30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။
31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။

Life:
32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။
33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့ အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။
34. ဘုရား သခင်က အရာအားလုံးကို စောင့်ရှောက်လိမ့်မယ်။
35. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲ ပြောင်းလဲနေမှာ ပါပဲ။
36. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့.. အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။
37. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။
38. နံနက်တိုင်းမှာ အသက်ရှင် အန္တရာယ် ကင်းပြီး နိုးထလာတာတိုင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်လိုက်ပါ။
39. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့် ပျော်ပျော်သာနေပါ။ နောက်ဆုံး အချက် 40. မြောက်လာပါပြီ။ နောက်ဆုံးမှထားလို့ အရေးမကြီးတာ မဟုတ်ဘူးနော်။ ဘာတဲ့လဲ
40. ဒီစာကို သင် ဂရုတစ်စိုက်ရှိတဲ့ လူ အယောက် 40 ဆီကို Forward လုပ်လိုက်ပါတဲ့။

မအောင်မြင်ခြင်း အကြောင်းအရင်း

လက္ခဏဗေဒ ဆရာကြီး ဦးစံတင်အောင် (ရွှေဘို) အား အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၊ အပြည်ပြည်ဆိုင်ရာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့မှ လက္ခဏာ ပညာ ပါရဂူဘွဲ့ Ph.D (Palmistry) ချီးမြှင့်ခံရခြင်း အတွက် ဂုဏ်ပြုပွဲ အခမ်းအနားတွင် အမှတ်တရ ထုတ်ဝေသော လက်ကမ်း စာအုပ်ငယ်လေး ထဲမှ မအောင်မြင်ခြင်း အကြောင်းအရင်း (၄၅)ချက်မှ ကောက်နှုတ် ဖော်ပြပါသည်။

၀၁။ တိကျသော ရည်ရွယ်ချက် မရှိခြင်း။
၀၂။ အခြားသူများ၏ အရေးအခင်းများတွင် ၀င်ရောက် စွက်ဖက် တတ်သော အကျင့်ရှိခြင်း။
၀၃။ မိမိ အလုပ်အကိုင်နှင့် ပက်သက်ပြီး လုံလောက်သော ပြင်ဆင်မှု မရှိခြင်း။
၀၄။ ကိုယ်တိုင် စည်းကမ်းသေ၀ပ်မှု မရှိခြင်း။
၀၅။ မိမိ၏ တိုးတက်ရေးနှင့် အခွင့်အလမ်းများ အပေါ် အရေးမစိုက်ခြင်း၊ စိတ် ၀င်စားမှု မထားခြင်း။
၀၆။ အလယ်အလတ် တန်းစား အဆင့်ထက် ကျော်လွန်၍ ရောက်ရှိရန် မှန်းဆသော ကြီးမြင့်စိတ် မရှိခြင်း။
၀၇။ ကျန်းမာရေးကို အလေးမထား၊ ဂရုမစိုက်ခြင်း။
၁၈။ စတင်ထားသော အလုပ်ကိစ္စကို ပြီးဆုံးသည် အထိ လုပ်ကိုင်နိုင်သော ဇွဲမရှိခြင်း။
၀၉။ အဖျက်စိတ်ထားများ လက်ခံ ကျင့်သုံးနေခြင်း။
၁၀။ စိတ်ထိခိုက် လှူပ်ရှားမှုများအပေါ် ထိမ်းချုပ်ကွပ်ကဲမှု မပြုနိုင်ခြင်း။
၁၁။ မိမိက ဘာမျှ မပေးပဲ နှင့် သူတပါးထံမှ ရယူလိုသော ဆန္ဒထားရှိခြင်း။
၁၂။ ဆုံးဖြတ်နိုင်စွမ်း မရှိခြင်းနှင့် အရာရာကို တိကျမှု မရှိခြင်း။
၁၃။ တစ်စုံ တစ်ခုကို ဖြစ်စေ၊ ထို့ထက် များများကို ဖြစ်စေ မလုပ်ရဲ မကိုင်ရဲဘဲ အမြဲ ကြောက်ရွံ့စိတ် ရှိနေခြင်း။ ၇ မျိုး ရှိသည်။
----(က) ဆင်းရဲပင်ပမ်းမည်ကို ကြောက်ရွံ့ခြင်း၊
----(ခ) ဝေဖန်ပြစ်တင် ခံရမည်ကို ကြောက်ရွံ့ခြင်း၊
----(ဂ) မကျန်းမမာ ဖြစ်မည်ကို ကြောက်ရွံ့ခြင်း၊
----(ဃ) ချစ်ခင်မှုများ ပျက်ပြားမည် ၊ ချစ်ခင်သူများ ဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်း၊
----(င) အသက်ကြီးရင့် အိုမင်းမည်ကို ကြောက်ရွံ့ခြင်း၊
----(စ) လွတ်လပ်ခွင့် ဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်း၊
----(ဆ) သေရမည်ကို ကို ကြောက်ရွံ့ခြင်း တို့ ဖြစ်သည်။
၁၄။ အလုပ်အကိုင်၊ အရောင်းအ၀ယ်ပြုလုပ်ရာတွင် ပေါင်းသင်း ဆက်ဆံသူ အရွေးမှားခြင်း။
၁၅။ မတော်တဆဖြစ်မလားဟု တွေးတော စိုးရိမ်မှု လွန်ကဲခြင်း။
၁၆။ အလုပ် အကိုင်၊ အသက်မွေး ၀မ်းကျောင်းပြုမှု အရွေးမှားခြင်း။
၁၇။ မိမိ၏ အချိန်နှင့် အားများ ဆုတ်ယုတ်ပျက်ပြားမှု ဖြစ်စေခြင်း၊ စိတ်အာရုံ စူးစိုက် ထိမ်းချုပ်ရန် အားမထုတ်ခြင်း။
၁၈။ ၀င်ငွေနှင့် ထွက်ငွေကို စာရင်းဇယား စီမံချက် မထားခြင်း၊ မဆင်မခြင် မထိမ်းချုပ်ပဲ သုံးစွဲခြင်း။
၁၉။ မိမိကိုယ်ပိုင် အချိန်ကို စာရင်းဇယားဆွဲ၍ မှန်ကန် အကျိုးရှိစွာ မသုံးတတ်ခြင်း။
၂၀။ စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှုတို့ အပေါ် ထိမ်းချုပ်ကွပ်ကဲမှု မပြုခြင်း။
၂၁။ စိတ်ရှည် သီးခံနိုင်စွမ်း မရှိခြင်း။
၂၂။ လူအများနှင့် ဆက်ဆံရာတွင် မျှတမှန်ကန်မှု မရှိခြင်း၊ သဟဇာတ စိတ်နှင့် မပူးပေါင်းခြင်း။
၂၃။ ရသင့် ရထိုက်သည်ကို အခြေမခံ အကြောင်းမပြု ၊ ထိုက်သင့်သော ကြိုးပမ်းမှု မပါပဲ တန်ခိုး၊ အာဏာ၊ ကြွယ်ဝမှုများ လိုချင်တပ်မက်မောလွန်းခြင်း။ (တန်ရာတန်ရာ မမှန်းပဲ အချောင်လိုချင်လွန်း၊ လောဘကြီးလွန်းခြင်း)
၂၄။ သစ္စာမရှိ၊ သစ္စာတရားမဲ့ခြင်း။
၂၅။ မာနကြီး ဘ၀င်မြင့်ခြင်း၊ ၀ါကြွားအထင်ကြီးခြင်းများကို ထိမ်းချုပ် ကွပ်ကဲမှု မပြုနိုင်ခြင်း။
၂၆။ တစ်ကိုယ်ကောင်း ဆန်လွန်း၊ တစ်ကိုယ်ကောင်း စိတ်ကြီးခြင်း။
၂၇။ မိမိသိပြီးသား အမှန်တရားအပေါ် အခြေမခံပဲ၊ ၀င်ရောက်စပ်စု အကြံပေးခြင်း။ (မိမိ အမှန်တကယ် မသိသော ကိစ္စများကို ၀င်ရောက် စပ်စု အကြံပေးခြင်း)
၂၈။ ဖြစ်နိုင်ရာ ဖြစ်တန်ရာကို မကြံစည် မကြည့်မြင်တတ်ခြင်း။
၂၉။ အရည်အချင်း၊ အတွေ့အကြုံ၊ ဗဟုသုတ ရှိသူများနှင့် ကြီးမြင့်စိတ် မဖွဲ့ခြင်း၊ ပူးပေါင်းလုပ်ကိုင်ရန် ပျက်ကွက်ခြင်း။ (အရည်အချင်း၊ အတွေ့အကြုံ၊ ဗဟုသုတ ရှိသူများကို အားကျစိတ်၊ အတူပူးပေါင်းလုပ်ကိုင်လိုစိတ် မရှိခြင်း၊ မပူးပေါင်းခြင်း)
၃၀။ ညစ်ညမ်း-ရိုင်းစိုင်း-ဆိုးသွမ်းသော စကားများ ပြောဆိုခြင်း။
၃၁။ စဉ်းစား ဆင်ခြင်မှု မပြုပဲ စကားပြောဆိုခြင်း ၊ စကားများလွန်းခြင်း။
၃၂။ သူတပါးပိုင် ပစ္စည်းများ တပ်မက်မောခြင်း။
၃၃။ အချိန်ဆွဲခြင်း၊ ဖင့်နွှဲ့လေးကန်မှု အကျင့်ရှိခြင်း။
၃၄။ အကြောင်း တစ်စုံတစ်ရာ မရှိဘဲ သူတပါး မကောင်းသတင်း မမှန်မကန် လုပ်ကြံ ပြောဆိုခြင်း။
၃၅။ စိတ်တန်ခိုး အင်အားများနှင့် စိတ်၏ သဘောသဘာဝများကို နားမလည်ခြင်း၊ မလုပ်ဆောင်တတ်ခြင်း။
၃၆။ တိကျသော ရည်ရွယ်ချက် မရှိ၍ ကိုယ်တိုင် ဦးဆောင် တီထွင် လုပ်ကိုင်မှု မပြု တတ်ခြင်း။
၃၇။ တိကျသော ရည်ရွယ်ချက် မရှိ၍ မိမိကိုယ်ကို အားထားယုံကြည်စိတ် မရှိခြင်း။
၃၈။ ထိမ်းချုပ်ကွပ်ကဲမှု မပါပဲ ကြံစည်ခြင်း၊ မိမိစိတ်တန်ခိုး အင်အားကို တိုးတက်အောင် မပြုလုပ်ခြင်း။
၃၉။ လာလတ္တံ့သော အချိန်ကာလ အပေါ် မိမိ အပေါင်းအသင်း၊ မိမိလူမျိုး၊ မိမိ ကိုးကွယ်ရာ ဘုရားအပေါ် ယုံကြည်မှု မရှိခြင်း။

From www.zairem.com