Friday, May 28, 2010

Google Buzz ကို ကြိုက်ရတဲ့အကြောင်း


Google Buzz ဟာ တစ်ကမ္ဘာလုံးကို Surprise လုပ်ပြီးရောက်လာခဲ့တာပါ။ ဘယ်အချိန်က လာမှန်းမသိဘဲ ဘွားကနဲပေါ်လာတာလေ။ ဒါကို ကြီးမားတဲ့၊ အရှိန်အ၀ါကြီး Internet Marketers တွေကတောင် မသိလိုက်ကြပါဘူး၊ တဲ့။ Google ကတော့ ဒီကြီးကျယ်တဲ့ social networking service (Buzz) ကို တိတ်တဆိတ် တည်ဆောက် နေတဲ့တာပါပဲလေ။ Twitter နဲ့လည်း အလားသဏ္ဍာန်တူတဲ့ Buzz ဟာ၊ Twitter ကို လက်မိုင်ချစေလောက် ပါတယ်၊ တဲ့။ Buzz ဟာ အိပ်မက်တွေကို အကောင်းအထည် ဖော်လာနိုင်စေတယ်တဲ့၊ အထူးသဖြင့် လုပ်ငန်းငယ်ပိုင်ရှင်တွေ၊ Internet marketers တွေ အတွက်ပေါ့။

Buzz ဟာ Twitter လို၊ သင်ရဲ့ message ကို စလုံး 140 လုံးသာ ကန့်သတ်ပေးမှာ ပါဟုတ်ပါဘူး။ Unlimited ပေါ့ဗျာ။

ဒါ့အပြင် Buzz ဟာ spam လို့ ပြောနိုင်တဲ့ အခြား social network တွေလို မလိုလားအပ်တဲ့ mail တွေကို ပို့နေမှာမဟုတ်ဘူးလေ။ ဒါဟာ သိသာပါတယ်၊ အနည်းဆုံး သင်ဟာ ning.com တို့လို social network တစ်ခုကို ၀င်လိုက်တာနဲ့ site ကနေ auto ပို့လိုက်တဲ့ mail တွေက နည်းမှမနည်းပဲ။ ...

Buzz ကို သုံးလို့ ဖြစ်ထွန်းမယ့် အကျိုးတွေက-
♥ Share ကို privately ဖြစ်စေ publicly ဖြစ်ဆို ပြုလုပ်နိုင်ခြင်း
♥ သင့်ရဲ့ Buzz follower တွေ သင် follow နေတဲ့သူတွေကို hide လုပ်ထားနိုင်ခြင်း
♥ Inbox နဲ့တွဲဖက်ထားမှု၊ သင့် mail ရဲ့ inbox မှာ မ၀င်စေဘဲ Buzz ထဲမှာပဲ သန့်သန့်ဝင်နေစေတာပါ (သင်ဟာ အရေးကြီးတဲ့ Post ကို follow လုပ်နေတယ်ဆိုတာတော့ သေချာပါစေ၊ တဲ့၊ မဟုတ်ရင် စိတ်ညစ်ရမယ်လေ၊ သူနဲ့ ပါတ်သက်တဲ့ comment အစ update ပြုလုပ်ထားမှုတွေကို ပါ တစ်ခုမကျန် ပို့ပေးနေမှာကိုး။)
♥ အခြား Social network နဲ့ site တွေကို import လုပ်နိုင်ခြင်း
♥ အချိန်ကိုက် update လုပ်ပေးခြင်း
♥ HTTPS Secure network ဖြစ်ခြင်း
♥ သင့် account ကို hack ခံရမှာကို ကြောက်စရာမလိုခြင်း တို့ပါပဲ။

Lifehacker ကလည်း Buzz ကို ကြိုက်မကြိုက် Pool လုပ်ခဲ့ရာမှာ အဖြေက-
How Do You Like Google Buzz So Far? (Poll Closed)
I love it!16%2654 votes
Hate it10%1641 votes
Could not care less16%2619 votes
I'm still note sure how I'm going to use it.39%6430 votes
It seems okey16%2561 votes
Other2%379 votes

Total Votes: 16284
လုပ် Result ထွက်ပါတယ်။ မ Sure တဲ့လူတွေကို ခဏ ဘေးဖယ်ထားရင် ကြိုက်တဲ့ပိုင်းက၊ မနှစ်မြုပ်တဲ့အပိုင်းထက်တော့ ပိုနေပါတယ်မလား ဟဲ...။

Google Buzz ထွက်လာတော့ ကြိုက်တဲ့သူကော၊ မကြိုက်တဲ့သူကော၊ Article, Post တွေ အများကြီးပေါ့။ အခု Post က Buzz ကို နှစ်သက်ရတဲ့အကြောင်းလေးပါ။ Source က Dian Joubert ရဲ့ Why I Love Google Buzz နဲ့ lifehacker.com ပါ။ အခြား Article လည်း အများကြီးပါ။

ဆီလျှော်အောင်နဲ့ ကိုနားလည်သလို ပြန်ထားတာပါဗျာ။ ပျော်ပါစေ။

Wednesday, May 26, 2010

Google Buzz ကို လန့်သွားရတဲ့အကြောင်း


Google Buzz ကို ဒီ ၂ ရက်အတွင်းမှာ တော်တော်လန့်သွားတယ်။ အဓိကကတော့ privacy လုံးဝကို မလုံခြုံတော့ဘူး။ Google ဘာတွေလုပ်နေလဲ မသိတော့ဘူး ဒီ ၂ ရက်အတွင်းမှာကို သူတို့ တိတ်တိတ်လေးနဲ့ ပြင်နေတာ အများကြီးပဲ။

Buzz ထဲမှာ ကျွန်တော့်ကို follow လုပ်ဖို့ ကျွန်တော့်ကို ခွင့်တောင်းစရာမလိုဘူး။ follow လုပ်ပြီးတာနဲ့ ကျွန်တော် တင်သမျှ Buzz messages တွေအကုန် ဖတ်လို့ရသွားပြီ။ ကျွန်တော် မတင်ဘဲနဲ့လဲ အခြား Google က services တွေ မှာ ကျွန်တော်လုပ်သမျှ Buzz မှာ update လုပ်နေတယ်။ ဥပမာ Google Reader မှာ တစ်ခုခု share တာမျိုးကို အကုန်ကြည့်လို့ ရနေတယ်။ နောက် Gtalk Status message ကိုလဲ update လုပ်တယ်။

Google Profile မှာ ကိုယ့်ဖြည့်ထားသလောက် information ကလဲ လူတိုင်းကြည့်လို့ရနေပြီ။ အရင်က profile ကို hide လုပ်ထားလို့ရတယ်။ အခု Buzz ထွက်လာတော့ profile က ကျွန်တော့် message က နာမည်ကို နှိပ်လိုက်တာနဲ့ တန်းပြီး ကြည့်ရုံပဲ ဖုန်းနံပါတ်တွေ Geolocation တွေများ ထည့်ထားသေးရင် ဘယ်နားရောက်နေတယ် ဆိုတာပါသိရမယ်။ အရမ်းကြောက်ဖို့ ကောင်းတယ် နောက် Google က live Search လိုမျိုးလုပ်ပြီး လူတိုင်း messages တွေကို ဝင်ရှာနိုင်တဲ့ service မျိုးလုပ်နိုင်သေးတယ်။ မိုဘိုင်းဖုန်းကနေ Nearby Search အခုလုပ်လိုက်ရင် Buzz ကို မိုဘိုင်းဖုန်းသုံးနေတဲ့ သူတွေ (မြန်မာနိုင်ငံသားတွေ) အကုန်ရှာလို့ ရနေတယ်။

တော်တော်လေးလန့်သွားတယ် ကျွန်တော်က VIP ပုဂ္ဂိုလ်လဲမဟုတ်ဘူး ကိုယ့်အကြောင်းကို ဖုံးထားမှ ဖြစ်မယ့် လူမျိုးလဲ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော့် အကြောင်းကို web ပေါ်မှာ အကုန်ကြည့်လို့ ရနေတာကိုတော့ တော်တော်လေးလန့်သွားတယ်။ လောလောဆယ် Buzz ထဲမှာ Mashable လိုမျိုးကို follow လုပ်လို့ရတယ်။ သူတို့ ဘာတွေ အသစ်တင်လဲဖတ်လို့ရတယ် comment ဝင်ရေးလိုက်ပြီဆိုပါစို့ အဲဒီ comment မှာပါတဲ့ ကျွန်တော့် နာမည် profile ကနေ email ဖြည့်ထားရင် spam mail ပို့လို့ရပြီ။ Geolocation နဲ့ Buzz ကို update လုပ်ထားရင် ကျွန်တော်ရှိတဲ့ နိုင်ငံကို လိုက်ပြီး location based Spam ကြော်ငြာတွေ ပို့လို့ရပြီ။ ပြောလို့မရဘူး contact မှာပါတဲ့ ဖုန်းနံပါတ်တွေကို mobile ဖုန်း ကြေငြာလုပ်တဲ့ သူတွေ location based နဲ့ လိုက်ရှာပြီး SMS ကြော်ငြာတွေ ပို့လို့ ရနေမယ်။ အနည်းဆုံး SMS နဲ့ မင်းထီပေါက်ပါတယ် ဆိုပြီး လာတဲ့ အချိန် ထီထိုးထားမိရင် ကျွန်တော်သာဆို ယုံမိတော့မှာပဲ။

Google Buzz က အမှန်တော့ Twitter + FaceBook’s Like + Geolocation ပေါင်းထားတာပဲ။ Google က အချိန်တို အတွင်းမှာ သူ့ရဲ့ Social Networking ဆိုဒ်ကို အကြီးကြီးဖြစ်လာချင်တော့ အတင်း force လုပ်ပြီး ကျွန်တော် ဘာမှ မသိလိုက်ရပဲ ကျွန်တော့် Gtalk list ထဲက သူတွေကို follow လုပ်ထားပြီးသားဖြစ်နေတာ တွေ့ရတယ်။ မလုပ်ရသေးတဲ့သူများဆိုလဲ Recommanded ဆိုပြီး လာပြနေသေးတယ်။ Spammer တွေအတွက် အကောင်းဆုံး ဂွင်တစ်ခုလိုဖြစ်နေပြီ bot များရေးထားပြီး crawl လုပ်လိုက်ရင် Buzz ကနေ နာရီဝက်လောက် အတွင်းမှာ email contact ပေါင်းသိန်းချီရနိုင်တယ်။ ပြီးရင် အဲဒီကောင်တွေ ကို business တွေဆီ ဒေါ်လာ ရာဂဏန်းလောက်နဲ့ ရောင်းစား ပိုက်ဆံရှာလို့ရတယ်။

ထွက်တာ ၂ ရက်ပဲရှိသေးတဲ့ Buzz ရဲ့Privacy သတင်းကတော့ web ပေါ်မှာ တော်တော်လေးပြန့်နေတယ်။ အခု ကျွန်တော်ရေးထားတာတောင် personal အမြင်ပဲ ရှိသေးတယ် security professional တွေရဲ့ articles တွေ အခုပဲ “Google Buzz Privacy” ဆိုပြီး ရှာလိုက်တာတောင် result 66,300,000 အဲဒီလောက်ထွက်နေပြီ။ ကျွမ်းကျင်တဲ့သူတွေ ရေးထားတာကို ရှာဖတ်ကြည့်လေ Buzz က ကြောက်စရာကောင်းလာလာလေလေ ဖြစ်လာတာနဲ့ ကျွန်တော်ကတော့ Buzz ကို လုံးဝပိတ်လိုက်ပြီ။ ပိတ်ချင်ရင် Gmail အောက်ဆုံးမှာ turn off buzz ဆိုပြီး ရှိပါတယ်။ အဲဒီကနေ ပိတ်လို့ရပါတယ်။ ကျွန်တော်ကတော့ Buzz သုံးလိုက်ကတည်းက online privacy နဲ့ပက်သက်ပြီး shock ရသွားတယ် ပထမဆုံးဘဲ။ Google လိုမျိုးက သူ့ product အောင်မြင်ဖို့ဆို ကျွန်တော်တို့ privacy ကို ချနင်းဖို့ ဝန်လေးပုံ မရဘူး။

[အလင်းစေတမန်:5082]

Tuesday, May 25, 2010

Google ရဲ့ Translator tool

Google ဟာချစ်စရာကောင်းတာ အားလုံးက လက်ခံပြီးဖြစ်လိမ့်မယ် ထင်ပါတယ်။ 7GB ကျော်အခမဲ့ Email ၀န်ဆောင်မှု အပြင် ၄င်းနဲ့ တွဲဖက်လို့၊ Gtalk, Blogger, နဲ့ နောက်ပိုင်းပေါင်းထည့်လာတဲ့ Buzz တို့ဟာ အခုခေတ်မှာ အသုံးအများဆုံးနဲ့ online နဲ့ ထိတွေ့သူတိုင်း အတွက် လက်မလွတ်နိုင်လောက်အောင် ကောင်းမွန်နေတာ အားလုံး ငြင်းလို့ရမယ်မထင်ပါဘူးဗျာ။ (Buzz ကတော့ အသစ်မို့လို့ သိပ်ပြီးမ သုံးတတ်သေးတာကလွဲလို့ပေါ့။) ဒါ့အပြင် ကျွန်တော်တို့ အသုံးမပြုသေးတဲ့ ကောင်းမွန်အသုံးဝင်လှတဲ့ Tools တော်တော်များများရှိနေတုန်းပါ။

အဲဒီထဲက လတ်တလောလိုအပ်လို့ သုံးကြည့်ရာက သဘောကျနှစ်ခြိုက်မိတဲ့ Tool တစ်ခုနဲ့ မိတ်ဆိတ်ပေးချင်တာပါ။ Translation (Language Tool) ဖြစ်ကြောင်း အထူးပြောဖို့ လိုမယ်မထင်တော့ပါဘူးနော်၊ (ခေါင်းစဉ်မှာကတည်းက ပါပြီးသားပဲဟာ။)

အသုံးပြုပုံက ဒီလို၊ www.google.com ကို ဖွင့်ရင် တွေ့နေ့ကျအတိုင်း Google ကပွင့်လာမယ်။

Translate ကနေ သုံးလို့ ရသလိုပဲ၊ Language Tool ကနေလဲ သုံးလို့ရပါတယ်။ ပိုလွယ်ကူရိုးရှင်းတာက Translate ပါ။


Translate မှာ ဘာသာပြန်ပေးလို့ရတဲ့ ဘာသာစကား ၅၇ မျိုးပေးထားတာ တွေ့ရပါမယ်။

ရှင်းရှင်းလေးဗျနော်... Translation from: မှာ သင်သိလိုတဲ့ဘာသာစကားကို ရွေးပေးမယ်။ (ဥပမာ မှာတော့ Malay ကို ရွေးထားတာ တွေ့ရမယ်) ပြီး Translation into: မှာ သင်ပြောင်းလို့တဲ့ ဘာသာစကားကို ရွေးပေးရမည်။ (ဥပမာ English) ဒါဟာ Malay ဘာသာစကားကနေ၊ အင်္ဂလိပ်ဘာသာကို ပြောင်းပေးမယ့် ရွေးချယ်မှုပါ။


Step အနေနဲ့ ပြောရရင်၊
(၁) မှာ ကိုယ်သိလိုတဲ့ဘာသာကို ရွေး
(၂) မှာ ကိုယ်ဘာသာပြန်ပေးစေလိုတဲ့ ဘာသာကိုရွေး
(၃) ကိုယ်သိလိုတဲ့ စာလုံး၊ စာကြောင်း ကို ရိုက်ထည့် (ဒါမှမဟုတ် Web page၊ ဒါမှမဟုတ် Notepad, Wordpad နဲ့ Word တို့နဲ့ Save ထားတဲ့ ဖိုင်တွေကို တောင် upload တင်ပေးရင် ဘာသာပြန်ပေးဦးမှာဗျ၊ ကောင်းမှကောင်း။)
(၄) မှာ ဘာသာပြန်ပေးတဲ့ စာကို တွေ့ရမယ်။
(၅) မှာ ပြထားတာကတော့၊ တချို့ ဘာသာစကားတွေမှာ Audio အသံတွေနဲ့ပါ နားထားလို့ရအောင် ဖန်တီးထားတဲ့အတွက်၊ ၄င်း Speaker ပုံ Icon လေးကို နှိပ်လိုက်တာနဲ့ အသံနဲ့ပါ နားထောင်လို့ရပါကြောင်းပါ။

ဘယ်ကဦးမလဲဗျ အောက်မှာ Contribute a better traslation ကို နှိပ်ပြီး ပိုကောင်းမယ်ထင်တဲ့ ဘာသာပြန်ချက်ကို အကြံပြုရေးသားပေးလို့ ရပါသေးတယ်ဗျ။

ကဲဗျာ ဒါဆို၊ ကိုယ်မသိတဲ့ (Google က ဘာသာပြန်ပေးနိုင်တဲ့) စာ၊ ဒါမှမဟုတ် ကိုယ်မသိတဲ့ အခြားဘာသာစကားသုံးနေတဲ့ လူတစ်ယောက်နဲ့ ဆက်သွယ်၊ chatting ထိုင်ဖို့ ဘာကြောက်စရာလိုတော့မှာတုန်း။ မဟုတ်ပေဘူးလား။ ပျော်ပါစေဗျာ။

From www.zairem.com