Tuesday, May 25, 2010

Google ရဲ့ Translator tool

Google ဟာချစ်စရာကောင်းတာ အားလုံးက လက်ခံပြီးဖြစ်လိမ့်မယ် ထင်ပါတယ်။ 7GB ကျော်အခမဲ့ Email ၀န်ဆောင်မှု အပြင် ၄င်းနဲ့ တွဲဖက်လို့၊ Gtalk, Blogger, နဲ့ နောက်ပိုင်းပေါင်းထည့်လာတဲ့ Buzz တို့ဟာ အခုခေတ်မှာ အသုံးအများဆုံးနဲ့ online နဲ့ ထိတွေ့သူတိုင်း အတွက် လက်မလွတ်နိုင်လောက်အောင် ကောင်းမွန်နေတာ အားလုံး ငြင်းလို့ရမယ်မထင်ပါဘူးဗျာ။ (Buzz ကတော့ အသစ်မို့လို့ သိပ်ပြီးမ သုံးတတ်သေးတာကလွဲလို့ပေါ့။) ဒါ့အပြင် ကျွန်တော်တို့ အသုံးမပြုသေးတဲ့ ကောင်းမွန်အသုံးဝင်လှတဲ့ Tools တော်တော်များများရှိနေတုန်းပါ။

အဲဒီထဲက လတ်တလောလိုအပ်လို့ သုံးကြည့်ရာက သဘောကျနှစ်ခြိုက်မိတဲ့ Tool တစ်ခုနဲ့ မိတ်ဆိတ်ပေးချင်တာပါ။ Translation (Language Tool) ဖြစ်ကြောင်း အထူးပြောဖို့ လိုမယ်မထင်တော့ပါဘူးနော်၊ (ခေါင်းစဉ်မှာကတည်းက ပါပြီးသားပဲဟာ။)

အသုံးပြုပုံက ဒီလို၊ www.google.com ကို ဖွင့်ရင် တွေ့နေ့ကျအတိုင်း Google ကပွင့်လာမယ်။

Translate ကနေ သုံးလို့ ရသလိုပဲ၊ Language Tool ကနေလဲ သုံးလို့ရပါတယ်။ ပိုလွယ်ကူရိုးရှင်းတာက Translate ပါ။


Translate မှာ ဘာသာပြန်ပေးလို့ရတဲ့ ဘာသာစကား ၅၇ မျိုးပေးထားတာ တွေ့ရပါမယ်။

ရှင်းရှင်းလေးဗျနော်... Translation from: မှာ သင်သိလိုတဲ့ဘာသာစကားကို ရွေးပေးမယ်။ (ဥပမာ မှာတော့ Malay ကို ရွေးထားတာ တွေ့ရမယ်) ပြီး Translation into: မှာ သင်ပြောင်းလို့တဲ့ ဘာသာစကားကို ရွေးပေးရမည်။ (ဥပမာ English) ဒါဟာ Malay ဘာသာစကားကနေ၊ အင်္ဂလိပ်ဘာသာကို ပြောင်းပေးမယ့် ရွေးချယ်မှုပါ။


Step အနေနဲ့ ပြောရရင်၊
(၁) မှာ ကိုယ်သိလိုတဲ့ဘာသာကို ရွေး
(၂) မှာ ကိုယ်ဘာသာပြန်ပေးစေလိုတဲ့ ဘာသာကိုရွေး
(၃) ကိုယ်သိလိုတဲ့ စာလုံး၊ စာကြောင်း ကို ရိုက်ထည့် (ဒါမှမဟုတ် Web page၊ ဒါမှမဟုတ် Notepad, Wordpad နဲ့ Word တို့နဲ့ Save ထားတဲ့ ဖိုင်တွေကို တောင် upload တင်ပေးရင် ဘာသာပြန်ပေးဦးမှာဗျ၊ ကောင်းမှကောင်း။)
(၄) မှာ ဘာသာပြန်ပေးတဲ့ စာကို တွေ့ရမယ်။
(၅) မှာ ပြထားတာကတော့၊ တချို့ ဘာသာစကားတွေမှာ Audio အသံတွေနဲ့ပါ နားထားလို့ရအောင် ဖန်တီးထားတဲ့အတွက်၊ ၄င်း Speaker ပုံ Icon လေးကို နှိပ်လိုက်တာနဲ့ အသံနဲ့ပါ နားထောင်လို့ရပါကြောင်းပါ။

ဘယ်ကဦးမလဲဗျ အောက်မှာ Contribute a better traslation ကို နှိပ်ပြီး ပိုကောင်းမယ်ထင်တဲ့ ဘာသာပြန်ချက်ကို အကြံပြုရေးသားပေးလို့ ရပါသေးတယ်ဗျ။

ကဲဗျာ ဒါဆို၊ ကိုယ်မသိတဲ့ (Google က ဘာသာပြန်ပေးနိုင်တဲ့) စာ၊ ဒါမှမဟုတ် ကိုယ်မသိတဲ့ အခြားဘာသာစကားသုံးနေတဲ့ လူတစ်ယောက်နဲ့ ဆက်သွယ်၊ chatting ထိုင်ဖို့ ဘာကြောက်စရာလိုတော့မှာတုန်း။ မဟုတ်ပေဘူးလား။ ပျော်ပါစေဗျာ။

0 mentions:

From www.zairem.com